ဘာတွေ လေ့လာသိရှိနိုင်မလဲ။
ယခုနမူနာမှာ ဖော်ပြသလို ပုံစံမျိုး တွေ့ရမည် ...

... သို့မဟုတ် ယခုပုံစံ-

ယခု သင်ခန်းစာတွင် ထိန်းချုပ်နေရာထဲမှ ဆိုက်အသွင်အပြင် ချိန်ညှိကိရိယာများကို မည်သို့ အသုံးပြုရမည်ကို လေ့လာရပါမည်။
သင်သည် ထိန်းချုပ်နေရာတွင် သာမန်ဖော်ပြချက်နှင့် အသေးစိတ်ဖော်ပြချက် နှစ်ခုတွင် မည်သို့ ပြောင်းလဲမည်၊ ပင်မခလုတ်များ ဖော်ပြချက်ကို မိမိလိုအပ်ချက်ဖြင့် လိုက်ဖက်ရန် မည်သို့ ပြုလုပ်နိုင်သည်၊ ပြကွက်ခွင်အကျယ် ချိန်ညှိမှုနှင့် အရောင်ရွေးချယ်မှု တို့ကို ပြောင်းလဲ ပေးနိုင်သည်။
ယခုသင်ခန်းစာတွင် ကန့်သတ်နေရာအတွက် အသုံးပြုလိုသည့် ဘာသာစကားကို မည်သို့ ရွေးချယ်နိုင်သည်ကိုလည်း လေ့လာနိုင်သည်။
ပထမဆုံး- လုပ်ကိုင်ပုံ အဆင့်တွေကို ကြည့်ပါ။
ဆိုက်အတွင်းပိုင်းသို့ ၀င်ရောက်ပြီး၊ ထိန်းချုပ်နေရာတွင် ရောက်ရှိနေပါ။

အသွင်အပြင်ချိန်ညှိ ကိရိယာများသည် ကိရိယာတန်း၏ ညာဖက်ပိုင်း၊ အသုံးပြုသူ အမည် ပြီးလျှင် ဖော်ပြထားသော ခလုတ်များ ဖြစ်သည်။
![]()
ပထမခလုတ်သည် ထိန်းချုပ်နေရာကို သာမန်ဖော်ပြချက်နှင့် အသေးစိတ်ဖော်ပြချက် မြင်ကွင်းနှစ်ခုကို အသွားအပြန် ပြောင်းနိုင်သည်။ ယင်းတို့ကို သာမန်ဖော်ပြချက်နှင့် အသေးစိတ်ဖော်ပြချက် ဟု ခေါ်သည်။ အသေးစိတ်ဖော်ပြချက်က ပို၍များသော လုပ်ဆောင်ချက်များကို ဖော်ပြပေးသည်။
ဆော့ဖ်ဝဲလ် သတ်မှတ်ချက်ဖြင့် ဖွင့်မည်ဆိုလျှင် ၎င်းကို သာမန်ဖော်ပြချက် ဖြင့်သာ ဖော်ပြသည်။
ဖော်ပြချက်ခလုတ် အပေါ် နှိပ်ပါ။
၎င်းသည် အသေးစိတ်ဖော်ပြချက် ပုံစံပြောင်း ပေးလိမ့်မည်။ “အသေးစိတ်ဖော်ပြချက်”ဆိုသော စာတန်းကို အမဲရောင် လိုင်းထူထူဖြင့် ဖော်ပြထားပြီး ၎င်းသည် အသေးစိတ်ဖော်ပြချက်ဖြင့် ဖွင့်ထားသည့် သဘောဖြစ်သည်။
အသေးစိတ်ဖော်ပြချက်သို့ ပြောင်းလိုက်သည့် အခါ စာမျက်နှာထဲမှ ဖော်ပြချက်များ ပြောင်းလဲ သွားသည်ကို သတိပြုမိလိမ့်မည်။ ဥပမာ အသုံးပြုသူအမည် ဖော်ပြရာနေရာနှင့် ဆိုက်အကြောင်း အတိုချုပ်ဖော်ပြရာနေရာ ("My SPIP site" လို့ ခေါ်သည်) တို့တွင် ယခုအခါ လေးထောင့်ကွက်အတွင်း အပေါင်းလက္ခဏာ ခလုတ်ကလေး ရှိနေပြီး ၎င်း အပေါ်သို့ နှိပ်လျှင် သက်ဆိုင်ရာနေရာ၏ စာမျက်နှာသို့ သွားရောက်နိုင်သည်။
သာမန်ဖော်ပြချက်သို့ ပြန်ပြောင်းရန် ဖော်ပြချက်ခလုတ် အပေါ် နှိပ်လိုက်ပါ။ ထိုအခါ အပို လုပ်ဆောင်မှုများ/နေရာများကို ပြန်ခေါက်သိမ်း ပေးလိမ့်မည်။
![]()
နောက်ထပ် ခလုတ်သုံးခုသည် ရုပ်ပုံများနှင့် အမြန်ညွှန်ကြားချက်များ၏ အသွင်အပြင်ကို ပြောင်းလဲပေးရန် အသုံးပြုနိုင်သည်။
"abc" ဆိုသော နေရာပေါ်ကို နှိပ်လိုက်ပါက ထိန်းချုပ်နေရာ တခုလုံးတွင်ရှိသော ရုပ်ပုံ ဖော်ပြချက်များ အားလုံး စာသားဖြင့်သာ ဖော်ပြမည်။
တတိယခလုတ်ကို နှိပ်လျှင် အဓိကအပြောင်းအလဲမှာ ပင်မခလုတ်များ၏ ရုပ်ပုံဖော်ပြချက်များရှိ စာသားများ ပျောက်သွားသည်ကို တွေ့ရမည်။
အလယ်ခလုတ်ကို နှိပ်လျှင် ရုပ်ပုံဖော်ပြချက်နှင့် စာသားများပါ ပြန်မြင်ရမည်။
![]()
ပြကွက်ခွင်အကျယ် ချိန်ညှိမှု ခလုတ်ကို နှိပ်လျှင် ၎င်းသည် ပြကွက်ခွင် အကျယ်နှင့် အကျဉ်းကို ပြောင်းပေးသည်။ ပြကွက်ခွင်အကျယ်သည် အခြေခံအားဖြင့် ပိုကျယ်သော နေရာဖြစ်အောင် လုပ်ပေးပြီး စာမူများကို ရေးသား၊ တည်းဖြတ်သည့်အခါ အလွန် အသုံး၀င် သည်။
![]()
နောက်ဆုံးအနေဖြင့် အရောင် ခြောက်ရောင်ပါသော အရောင်ရွေးချယ်မှု နေရာတွင် မိမိနှစ်သက်ရာ အရောင်ကို ရွေးနိုင်သည်။ ယင်းသို့ ရွေးချယ်အသုံးပြုခြင်းဖြင့် ကိုယ်ပိုင်နေရာကို ကွဲပြားသော အောက်ခံအရောင်ဖြင့် စီမံထားနိုင်ရန်-
ကြိုက်နှစ်သက်သော အရောင်ကို ရွေးချယ်၍ နှိပ်ပါ။
ကိုယ်ပိုင်နေရာကို စိတ်တိုင်းကျဖြစ်အောင် ဖန်တီးခြင်း
ကိုယ်ပိုင်နေရာကို စိတ်တိုင်းကျဖြစ်အောင် ဖန်တီးခြင်း