သတင်းစကား အသုံးပြုခြင်း - SpipMedia - Manage your Online Publication with SPIP
GLOSSARY
PICTOGRAMS DEFINITION
 
GET EXTRA INFO

 
CLICK AND PLAY

သတင်းစကား အသုံးပြုခြင်း
ကိုယ်ရေးမှတ်စု၊ သတင်းစကား၊ ကြေညာချက်များကို ရေးသားပြင်ဆင်ခြင်း
ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | Tiếng Việt | русский
Lessons you should have completed:
အလုပ်နေရာကို စိတ်ကြိုက်ဖန်တီးထားခြင်း
စပစ်၏ အသုံးပြုသူများအဆင့်ကို နားလည်ခြင်း
သတင်းစာမူနှင့် ဆောင်းပါးကို နားလည်ခြင်း

ဘာတွေ လေ့လာသိရှိနိုင်မလဲ။

အတွင်းမြင်ကွင်း

သတင်းစကား စာမျက်နှာကို ၀င်လိုက်ပါက ယခုအတိုင်း တွေ့ရမည်-

စပစ်စနစ်တွင် ပါဝင်သော သတင်းစကားစနစ်သည် စပစ်ဆိုက်တွင် အလုပ်လုပ်သူများ အချင်းချင်း အပြန်အလှန် လုပ်ဆောင်ရာတွင် အလွန် အသုံး၀င်ပါလိမ့်မည်။

ယခုသင်ခန်းစာတွင် သတင်းစကားတစ်ခုကို မည်သို့ ရေးသားမည်၊ ပြုပြင်မည်၊ ပို့မည် စသည့်တို့ကို လေ့လာရမည် ဖြစ်ပြီး၊ အခြားသူတစ်ဦး ဆက်သွယ်လာမူကိုလည်း မည်သို့ ပြန်ကြားနိုင်သည်ကို လေ့လာရမည်။

ကိုယ်ရေးမှတ်စုမည်သို့ သုံးနိုင်သည်ကို လေ့လာရမည်။ ထူးခြားဖြစ်ရပ်များကို မှတ်သားရန်၊ သတ်မှတ်နေ့ရက် မတိုင်မီ မှတ်သားစရာများကို ရေးချမှတ်သားပြီး သတိပေးနိုင်သည်။

ကြီးကြပ်သူ တစ်ဦးဖြစ်လျှင် ကြေညာချက်တစ်စောင် ရေးသားမှုကို လေ့လာရမည် ဖြစ်ပြီး၊ ဆိုက်တွင် လုပ်ဆောင်စရာများ၊ အထူးကိစ္စရပ်များ အတွက် အသုံးပြုသူ အားလုံးထံ ချက်ချင်း အကြောင်းကြားနိုင်သည်။

သင်သိရဲ့လား။

သတင်းစကား၊ ကိုယ်ရေးမှတ်စု၊ ကြေညာချက် တစောင်ကို ဖန်တီးသည့် အခါတိုင်း ပြက္ခဒိန်တွင် ထည့်သွင်း ဖော်ပြနိုင်သည်။

လေ့လာရန် သင်ခန်းစာမှာ- ပြက္ခဒိန်တွင် အလုပ်လုပ်ခြင်း.

ပထမ လုပ်ကိုင်ပုံအဆင့်များကို လေ့လာပါ။

ကန့်သတ်နေရာကို ၀င်ရောက်ပြီး ထိန်းချုပ်နေရာ ရောက်ပြီဆိုလျှင်-

- ကိရိယာတန်းတွင် သတင်းစကား ခလုတ်ပေါ် မောက်စ်ကို တင်ပါ။

- menu ထဲမှ “သတင်းစကားအသစ်” ကို ရွေးပါ။

 

- “သတင်းစကား ပို့ပါ” ဆိုသော စာမျက်နှာ ပွင့်လာမည်။

- ခေါင်းစဉ်နေရာတွင် ရေးသားလိုသော ခေါင်းစဉ်ကို ရိုက်ပါ။

- စာလက်ခံသူအမည်ကို ရိုက်ထည့်ပါ။ အမည်ကို မမှတ်မိလျှင် အလွတ်ထားခဲ့ပါ။

ယခုအဆင့်တွင် ချိန်းဆိုမှုလုပ်ရန်အပိုင်းကို ဒီအတိုင်းထားခဲ့ပါ။

- ရေးသားလိုသော စာကို ရိုက်ထည့်နိုင်သလို၊ ကူးယူချထားနိုင်သည်။

- “တင်သွင်းရန်”ကို နှိပ်ပါ။

စာရေးသူအမည်မပါဘဲ တင်သွင်းလျှင် “ပါ၀င်လိုသူကို ဖြည့်ပါ” ဆိုသော စာမျက်နှာ ပွင့်လာပြီး၊ စာရေးသူတစ်ယောက်ကို ရွေးခိုင်းမည်။

- drop-down menu ထဲက အမည်တခုကို ရွေးပါ။

- “ဖြည့်ပါ” ကို နှိပ်ပါ။ ဖြည့်ထားတဲ့ စာရေးသူအမည်ကို မြင်ရမည်။

- ထပ်မံ၍ စာရေးသူများ ထည့်လိုလျှင် ထပ်ဖြည့်နိုင်သည်။

- “ဤသတင်းစကားကို ပို့ပါ” ကိုနှိပ်ပါ။

 

သတင်းစကား စာမျက်နှာရှိ “ဆွေးနွေးနေဆဲ အကြောင်းအရာ” အောက်တွင် ပို့လိုက်သော စာကို မြင်ရမည်။
သတင်းစကား ပြုလုပ်လိုပါက သတင်းစကား ခလုတ်ကို နှိပ်၍ အလိုရှိသည့် အခါတိုင်း သွားရောက်နိုင်သည်။

သင်သိရဲ့လား။

သတင်းစကား ရေးသားရာတွင် မပြည့်စုံသေးပါက အကြမ်းကို သိမ်းထားနိုင်ပြီး၊ နောက်မှ ပို့နိုင်သည်။

ထိုသို့သော အခြေအနေမျိုးတွင် ထိုစာကို သတင်းစကား စာမျက်နှာတွင် “စာကို ရေးသားနေဆဲ ဖြစ်သည်” ဆိုသည့် အောက်တွင် ရှိနေလိမ့်မည်။

သရုပ်ပြခြင်း

သတင်းစကား တစ်ခု ရေးသား/ပေးပို့ခြင်း

ဒါကို ကြိုးစားကြည့်ပါ။

သတင်းစကား တစ်ခု ရေးသားပါ

အကောင်းဆုံး အလေ့အကျင့်

ဘာကြောင့် ကိုယ့်အီးမေးလ်အစား စပစ်၏ သတင်းစကားကို သုံးရန် လိုအပ်သနည်း။

စပစ်တွင် သတင်းစကားကို သုံးခြင်းဖြင့် အဖွဲ့တွင်း ဆက်သွယ်မှုနှင့် ၀က်ဘ်ဆိုက်စီမံမှု နှစ်မျိုးစလုံး အတွက် စပစ်၏ ကိရိယာတစ်ခုတည်းဖြင့် သုံးနိုင်သောကြောင့် ဖြစ်သည်။ ယင်းက ဆွေးနွေးမှုများကို အမြဲတစေ မျက်ခြေမပြတ် ရှိနေစေသည်။

[X] Choose Font Here