သတင်းစကား အသုံးပြုခြင်း - SpipMedia - Manage your Online Publication with SPIP
GLOSSARY
PICTOGRAMS DEFINITION
 
GET EXTRA INFO

 
CLICK AND PLAY

သတင်းစကား အသုံးပြုခြင်း
ကိုယ်ရေးမှတ်စု၊ သတင်းစကား၊ ကြေညာချက်များကို ရေးသားပြင်ဆင်ခြင်း
ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | Tiếng Việt | русский

ကိုယ်ရေးမှတ်စုတစ်ခု ဘယ်လိုဖန်တီးမလဲ။

ကိုယ်ရေးမှတ်စုသည် ကိုယ်ရေးကိုယ်တာအဖြစ် မှတ်သားရန် မှတ်စုတစ်ခု၊ သတိပေးချက်တစ်ခု ဖြစ်ပါသည်။

ဥပမာ ကိုယ်ရေးမှတ်စုသည် တခုခု လုပ်ဆောင်ရန်၊ အထူးနေ့ရက် တရက်တွင် လုပ်ဆောင်ရန် ကိုယ့်ကိုကိုယ် အသိပေးနိုင်ရန် ရည်ရွယ်သည်။

စပစ်တွင် ကိုယ်ရေးမှတ်စုသည် သတင်းစကားနှင့် ပုံစံတူသော်လည်း ကိုယ်ရေးမှတ်စုသည် အခြားသူများကို ပေးပို့ရန်မလိုဘဲ ရေးသားသူသာ အသုံးပြုနိုင်သည့် သတင်းစကားမျိုး ဖြစ်သည်။

စပစ်တွင် ကိုယ်ရေးမှတ်စု တစ်ခု ပြုလုပ်ရန် အလွန်လွယ်ကူသည်။

- သတင်းစကား ခလုတ်ပေါ် မောက်စ်ကို တင်ပါ။

- “မှတ်စုအသစ်” ကို နှိပ်ပါ။

- ကိုယ်ရေးမှတ်စု စာမျက်နှာ ပွင့်လာမည်။

- ခေါင်းစဉ်နေရာတွင် သတ်မှတ်လိုသော မှတ်စုခေါင်းစဉ်ကို ရိုက်ပါ။

- စာသားနေရာတွင် မှတ်စုကို ရိုက်ပါ။

ဤအဆင့်တွင် ချိန်းဆိုချက်များ နေရာကို ချန်ထားနိုင်သည်။

- ထို့နောက် “အတည်ပြုရန်”ကို နှိပ်ပါ။

ကိုယ်ရေးမှတ်စု တစ်ခုကို ဖန်တီးပြီးပါပြီ။

 

သတင်းစကားစာမျက်နှာတွင် “ကိုယ်ရေးမှတ်စုများ” နေရာတွင် အသုံးပြုသူ၏ ကိုယ်ရေးမှတ်စုအားလုံးကို မှတ်သားပေးထားသည်။

“ကိုယ်ရေးမှတ်စုများ” အကွက်သည် ထိန်းချုပ်နေရာ စာမျက်နှာ၏ ဘယ်ဘက်တွင် တွေ့ရမည်။ ၎င်းတွင် မှတ်စုရုပ်ပုံ၊ မှတ်စုခေါင်းစဉ်များ ဖော်ပြ ထားသည်ကို တွေ့ရမည်။

မှတ်စုများကို မည်သို့ ဖျက်ပစ်နိုင်သနည်း။

မှတ်စုတခုကို ဖျက်ပစ်ရန် အလွန့်အလွန်ကို လွယ်ကူသည်။

သတင်းစကား စာမျက်နှာတွင်-

- ဖျက်ချင်သည့် မှတ်စုခေါင်းစဉ်ကို နှိပ်ပါ။

မှတ်စုစာမျက်နှာ ပွင့်လာမည်။

- ဘယ်ဘက် အောက်ခြေရှိ “ဤမှတ်စုကို ဖျက်ပစ်ပါ”ကို နှိပ်ပါ။

ကြေညာချက် တစ်ခုကို ဘယ်လို ဖန်တီးမည်နည်း။

ကြေညာချက်သည် ဆိုက်၏လုပ်ဆောင်ချက်၊ အချို့ ထူးခြားဖြစ်စဉ်များနှင့် အတွက် အသုံးပြုသူအားလုံးထံ အလျင်အမြန် အသိပေးရန် အလွန် အထောက်အကူ ပြုသည်။

ကြေညာများသည် အယ်ဒီတာများအားလုံး၊ ကြီးကြပ်သူများအားလုံး မြင်နိုင်သည်။ သို့သော် ၄င်းတို့ကို ကြီးကြပ်သူများကသာ ဖန်တီးနိုင်၊ ပြုပြင်နိုင်သည်။

ကြေညာချက်တစ်ခုကို ဖန်တီးရန်မှာ မှတ်စု၊ သတင်းစကားများကို ဖန်တီးခြင်းနှင့် အလားသဏ္ဍာန်တူသည်-

- သတင်းစကား ခလုတ်ပေါ် မောက်စ်ကို တင်ပါ။

ကြီးကြပ်သူ တစ်ယောက်ဆိုလျှင် “ကြေညာချက်အသစ်” ခလုတ်ကို menu ထဲတွင် တွေ့ရမည်။

- “ကြေညာချက်အသစ်”ကို နှိပ်ပါ။

ကြေညာချက် စာမျက်နှာကို ဖွင့်ပါမည်။

- ကြေညာချက် စာသားနှင့် ခေါင်းစဉ်ကို ရိုက်ပါ။

- အတည်ပြုရန်ကို နှိပ်ပါ။

- “ဤသတင်းစကားကို ပို့ပါ”ကို နှိပ်ပါ။

ကြေညာချက်တစ်စောင် ဖန်တီးပြီးသွားပါပြီ။

ကြေညာချက်များ အားလုံးကို သတင်းစကား စာမျက်နှာပေါ်ရှိ “အယ်ဒီတာများ အားလုံးသို့ ကြေညာချက်”ထဲတွင် ဖော်ပြသည်။

 

ကြေညာချက်များကို အသုံးပြုသူတိုင်း၏ ထိန်းချုပ်နေရာ စာမျက်နှာ၏ ဘယ်ဘက် ဘေးရှိ “အထွေထွေကြေညာချက်များ” အကွက်တွင် ဖေါ်ပြသည်။

သတိပြုရန်

မှတ်စုများ၊ ကြေညာချက်များကို ဖျက်သည့်အခါ ထပ်မံအသိပေးခြင်း မရှိပါ။ “ဤသတင်းစကားကို ဖျက်ပါ”ကို နှိပ်လိုက်သည်နှင့် မှတ်စု၊ ကြေညာချက်သည် ပျက်သွားမည် ဖြစ်သည်။

ကြေညာချက်များကို ဖျက်ပစ်နိုင်ပါသလား။

ဖျက်ပစ်နိုင်သည်။ အလွန်လွယ်ကူပါသည်-

- ကြေညာချက် စာမျက်နှာတွင် “ဤသတင်းစကားကို ဖျက်ပါ”ကို နှိပ်ပါ။

ကြီးကြပ်သူတိုင်း ကြေညာချက်မှန်သမျှကို ဖျက်ပစ်နိုင်သည်။

အနှစ်ချုပ်

ယခု သတင်းစကားများ၊ မှတ်စုများနှင့် ကြေညာချက်များကို ဘယ်လို ဖန်တီးမလဲဆိုတာ သိသွားပါပြီ။

ဆိုက်ပေါ်တွင် တခြားသူများနှင့် လွယ်ကူလျင်မြန်စွာ ဆက်သွယ်ရန် နည်းလမ်း ရရှိသွားပြီ ဖြစ်သည်။

What's next:
ပြက္ခဒိန်တွင် အလုပ်လုပ်ခြင်း
ဆောင်းပါးတစ်ပုဒ်ကို ဆွေးနွေးခြင်း
[X] Choose Font Here